ပေကျင်း   အောက်တိုဘာ   ၃၁

တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၆ လူလိုက်ပါ အာကာသ ယာဉ်မှ အာကာသယာဉ်မှူး သုံးဦးသည် အာကာသ စခန်းတွင် ငါးလကြာတာဝန်များ ထမ်းဆောင်အပြီး ကမ္ဘာမြေသို့   ဘေးအန္တရာယ်ကင်းစွာ   ပြန်လည် ဆင်းသက်ရောက်ရှိလာပြီးနောက် အောက်တိုဘာ ၃၁ ရက်တွင်  လေယာဉ်ဖြင့်   မြို့တော်ပေကျင်းသို့ ရောက်ရှိလာကြောင်း သိရသည်။

၎င်းတို့သည် ဆေးဘက်ဆိုင်ရာ သီးခြားစောင့်ကြည့် မှုကာလတစ်ခုသို့ ဝင်ရောက်မည်ဖြစ်ပြီး ပြီးပြည့်စုံ သော ဆေးစစ်မှုများနှင့် ကျန်းမာရေးဆိုင်ရာ အကဲ ဖြတ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  တရုတ် လူလိုက်ပါ အာကာသအေဂျင်စီက ပြောသည်။

ထိုကဲ့သို့ ဆောင်ရွက်ပြီးပါက ၎င်းတို့အနေဖြင့် မြို့တော်ပေကျင်းတွင် သတင်းထောက်များနှင့် တွေ့ဆုံ သွားမည်ဖြစ်သည်။                                

ဆင်ဟွာ