ရန်ကင်း၊  ၈ ဇွန် 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်စ ဇွန်လပထမပတ်အတွင်း ကျောင်းသား ကျောင်းသူ ၁၅၁၂ ဦးထိရှိပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။

 


 

 

ရန်ကင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အထက်တန်းကျောင်း ()ကျောင်း၊ အလယ်တန်းကျောင်း ()ကျောင်း၊ မူလတန်းကျောင်း (၁၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ()ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ()ကျောင်းနှင့် အလယ်တန်းကျောင်း ()ကျောင်း စုစုပေါင်း (၂၄)ကျောင်း ဖွင့်လှစ်လျှက်ရှိပြီး ယနေ့ထ ိကျောင်းသား ကျောင်းသူ ၁၅၁၂ ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။

 

 


 

 

အဆိုပါကျောင်းများ ဖွင့်လှစ်သင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိပြီး ကျောင်းလုံခြုံရေး၊ ကျောင်းသား ကျောင်းသူ ဆရာ/ဆရာမများ၏ လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

လှလှထွေး(ပြန်/ဆက်)