ရန်ကုန်  ၁၄  ဇွန်  


မိုးတွင်းကာလတွင် အဖြစ်များလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်ပွားစေနိုင်သော Aedes ခြင်များ မပေါက်ပွားနိုင်အောင် ကြိုတင်ကာကွယ်သည့် အနေဖြင့် Abate ဆေးခပ်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးနှင့် စည်ပင်ကျန်းမာရေးမှ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် အမှတ်(၁၂)ရပ်ကွက်အတွင်းရှိနေအိမ်များမှ ရေသိုလှောင်ရာ နေရာများတွင် Abate ဆေးများခပ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ပုံတို့ကို စနစ်တကျ ကွင်းဆင်းပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    
လင်းလင်းထွန်း

 

1