ရန်ကုန်  ၁၃  ဧပြီ 

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါ (ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ (Home Stay) လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်နေကြသော အခြေခံလူတန်းစားများအတွက် မိခင်ကြီး ဒေါ်အေးချိုအား ရည်စူး၍ ဦးထွန်းရွှေ + ဒေါ်သင်းသင်းဆွေ(ထွန်းရွှေဝါ)မိသားစုမှ ရန်ကင်းမြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်တွင် ယမန်နေ့က အိမ်ထောင်စု (၂၅၀)အား မုန့်ဟင်းခါး (၁၂၀ဝ)ပိဿာ၊ ဆန်(၃၅)အိတ်၊ အမှတ်(၉၊ ၁၁၊ ၁၂)ရပ်ကွက်များအတွက် ဆန်အိတ်(၁၀ဝ)၊ နှာခေါင်းစည်း (၂၀ဝ၀)၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွက် ဆန်အိတ်(၁၀ဝ)၊ တောင်ဒဂုံမြို့နယ် အမှတ်(၁၀၈)ရပ်ကွက် အတွက် အုန်းနို့ခေါက်ဆွဲ အချိန် (၄၀ဝ) ပိဿာအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်လည်းကောင်း၊ ပရဟိတအသင်းများနှင့် လည်းကောင်း ချိတ်ဆက်၍ အိမ်တိုင်အရောက် ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

 

124712489

လင်းလင်းထွန်း(ပြန်/ဆက်)

 

50