ရန်ကင်း ၂၃ မတ်
COVID-19 ရောဂါကာကွယ်ရေး လက်ဆေးဘေစင်များကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကင်းမြို့နယ် အတွင်းရှိ လူစည်ကားရာ နေရာများတွင် လိုက်လံတပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ ဈေးများ၊ ရန်ကင်းကလေးဆေးရုံ၊ ဘူတာရုံနှင့် လူစည်ကားသည့် နေရာများတွင် လက်ဆေးဘေစင် (၂၅)ခုအား လိုက်လံတပ်ဆင်ခြင်း၊ နံရံကပ်စာစောင်များဖြင့် အသိပေးခြင်း၊ အသံချဲ့စက်များဖြင့် နှိုးဆော်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော COVID-19 ရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)


