ရန်ကင်း ၇ ဧပြီ
ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)ရောဂါပြန့်ပွားမှု လျော့နည်းစေရန် မဟာသင်္ကြန်ကာလအတွင်း ရန်ကင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များ ဝေငှပေးနိုင်ရန် အခြေခံလူတန်းစားများ၏ အိမ်ထောင်စုစာရင်းအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီး၍ မြို့နယ်အဆင့် စာရင်းကောက်ယူရေးအဖွဲ့ ဖွဲ့စည်းကာ လူဦးရေစာရင်းများ ကောက်ယူလျက်ရှိသည်။
ထိုသို့ဝေငှရာတွင် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သော ဆန် (၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ပဲ (၁)ပိဿာ၊ ဆား (၅၀)ကျပ်သား၊ ကြက်သွန်နီ (၁)ပိဿာတို့ကို ဝေငှသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် သင်္ကြန်ရုံးပိတ်ရက် ဧပြီလ ၁၀ ရက်မှ ၁၉ ရက်နေ့အထိ ကျန်းမာရေးကိစ္စနှင့် အစားအသောက် ဝယ်ယူခြင်းမှအပ မိမိအိမ်၌ နေထိုင်ရေးပူးပေါင်း ပါဝင်ပေးရန် လိုက်လံနှိုးဆော်လျက် ရှိကြောင်းလည်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)


