ရန်ကုန် မတ် ၁၇

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)တွင် ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စားသောက်ဆိုင်ဝန်ဆောင်မှုလုပ်ငန်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဦးစွာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး)မှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အမှာစကားပြောကြားသည်။

 

အဆိုပါသင်တန်းကို မတ် ၁၇ ရက်မှ ဧပြီ ၉ ရက်အထိ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)