ရန်ကုန် မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ် (၇)ရပ်ကွက် ရန်ကင်း ကလေးဆေးရုံဝင်းရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့ သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးထိန်လင်း ဦးဆောင်၍ ရုံးတွင်းရှိ စာရွက်စာတမ်းများ ထားသိုမှု၊ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ လျှပ်စစ်မီးသုံးစွဲမှု နှင့်ပတ်သက်၍ ပေါ့ဆမှုမရှိစေရေး၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက စနစ်တကျမီးငြှိမ်းသတ်ရမည့် နည်းလမ်းများ၊ 191 Application အသုံးပြုရေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြပြီး မီးသတ်ဆေးဘူးများ တပ်ဆင်အသုံးပြုမှု အခြေအနေများနှင့် ရှေးဦးမီးငြှိမ်းသတ်ရေး လက်တွေ့ဆောင်ရွက် ပြသခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)


