ရန်ကုန် မတ် ၂၃

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်း ဦးဆောင်၍ ရန်ကင်းမြို့နယ် အမှတ် (၄)ရပ်ကွက်အတွင်းရှိ လူနေအိမ်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

 

ကြည့်ရှုစစ်ဆေး

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးထိန်လင်း၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ငါးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ခြောက်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ဖြင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြပြီး 191 Report Application ထည့်သွင်းအသုံးပြုပုံ၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)