ရန်ကုန်၊ ဇွန် ၃

 

ရန်ကင်းမြို့နယ်၊ (၁၃)ရပ်ကွက်၊ မိုးကောင်းလမ်းနှင့် မဂ္ဂင်လမ်းထောင့်ရှိ ကျောက်ကုန်း (၂) (1000)kVA ထရန်စဖော်မာ၏ 400 V လိုင်းမှ (၉)မီတာ ကွန်ကရစ်ဓာတ်တိုင်ကို ဇွန် ၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ယာဉ်မောင်း ဦးထွန်းစံအောင်၊ (အဘ) ဦးရွှေစံအောင် မောင်းနှင်လာသော ယာဉ်အမှတ် YGN ------ ၊ အဖြူရောင် BMW X3 သည် အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ရာ လူထိခိုက်မှုမရှိဘဲ 400 V ဓာတ်အားလိုင်း ကွန်ကရစ်တိုင် တစ်တိုင်ကျိုးပဲ့ပျက်စီးကာ ဓာတ်အားပြတ်တောက်မှု ဖြစ်ပွားခဲ့သည်။

 

အများပြည်သူ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျိုးသွားသည့် ဓာတ်အားလိုင်းတိုင် အစားထိုး လဲလှယ်နိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ကွပ်ကဲမှုအောက်ရှိ ရန်ကင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများက ယာယီဓာတ်အားပိတ်၍ လိုင်းကြိုးများ ရှင်းလင်းခြင်း၊ တိုင်အစားထိုး လဲလှယ်ခြင်းများ အမြန်ဆောင်ရွက်ခဲ့ပြီး ယင်းနေ့ ည ၇နာရီ ၅၅ မိနစ်ခန့်တွင် ဓာတ်အားပြန်လည် ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်    

 

mdn