ရန်ကုန် ၁၄  အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြု ဗဟိုဌာန (ဗဟန်း) Community Centre ၌ ဖျားနာကုသဆေးခန်း(Fever Clinic)ဖွင့်လှစ်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် အဆိုပါ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပသည်။ 

 

ဆက်လက်၍ ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ဖျားနာကုဆေးခန်း (Fever Clinic) ဖွင့်လှစ်နိုင်ရေးနှင့် Covid - 19 ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား ပြောကြားခဲ့သည်။

 

ယင်းနောက် မြို့နယ်ကျန်းမားရေး ဦးစီးဌာန၊ ဒေါက်တာ ဒေါ်နီနီဇော်က ဖျားနာကုဆေးခန်း (Fever Clinic) တစ်ခု ဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်၊မြို့နယ် ကျန်းမာရေးမှူး ဒေါ်နီနီဇော်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးဝင်းဗိုလ်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဦးဇော်လွင်နှင့် တာဝန်ရှိသူများက ဖွင့်လှစ်မည့် ဖျားနာ ကုဆေးခန်း(Fever Clinic)အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

 

အောင်မြင့်(ပြန်/ဆက်)