mdn

ရန်ကုန် ၁၆ နိုဝင်ဘာ

 

ရန်ကုန် စနေ၊ တနင်္ဂနွေ စာအုပ်လမ်းသည် စာပေရပ်ဝန်းတစ်နေရာ ဖြစ်လာပြီး၊ အနီးဝန်းကျင်ရှိ ဝန်ကြီးများရုံး၊ ဗဟိုပုံနှိပ်စက်ဝင်းနှင့် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမတို့တွင် အခါအားလျော်စွာ ကျင်းပလေ့ရှိသည့် အနုပညာနှင့် စာပေဟောပြောပွဲ အခမ်းအနားများနှင့် တိုက်ဆိုင်သည့်နေ့များတွင် ပိုမိုစည်ကားပြီး ရောင်းအားတက်လေ့ရှိကြောင်း သိရသည်။

 

နိုဝင်ဘာလမှစ၍ စာအုပ်ဆိုင်ခန်းငှားခကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးကာ ရောင်းသူ၊ ဝယ်သူ အဆင်ပြေစေရန် စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်ကာ စာအုပ်လမ်း ကော်မတီက ဖြေလျှော့ပေးပြီး၊ အများပြည်သူဗဟုသူတ တိုးပွားစေရန် တနင်္ဂနွေနေ့၌ စာပေဟောပြောပွဲ၊ စာအုပ်မိတ်ဆက်ပွဲ၊ စာပေပဟေဠိ အမေးအဖြေကဏ္ဍ (စာအုပ်စာပေ လက်ဆောင်ကဏ္ဍ)တို့ကိုလည်း စီစဉ်ပေးလျက်ရှိကြောင်း ရန်ကုန် စနေ၊ တနင်္ဂနွေ စာအုပ်လမ်းကော်မတီမှ သိရသည်။

 

ယနေ့တွင် စာအုပ်ဆိုင် ၆၈ ဆိုင် လာရောက်ဖွင့်လှစ်ရောင်းချနေပြီး ဒီဇင်ဘာလကုန်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

mdn