မြင်းမူ ၃၀ စက်တင်ဘာ
ပြည်သူများ၏ကျန်းမာရေး လိုအပ်ချက်များကို ထိရောက်စွာ ရောဂါရှာဖွေခြင်း၊ ကုသပေးခြင်းများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ ကျောင်းသား/သူများသည် စက်တင်ဘာလ (၂၅)ရက်နေ့မှ စတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး ၊စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း ကျန်းမာရေးဆိုင်ရာများနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ သဘောတူညီချက် ပုံစံများကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
ယခုစစ်တမ်းကောက်ယူရေးအဖွဲ့မှာ တိရိစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများဆိုင်ရာ သုတေသနလုပ်ငန်းများ ပြုလုပ်ရာတွင် ပြည်သူများပါဝင်ရန် သဘောတူညီမှုပုံစံ စစ်တမ်းကောက်ယူခြင်းဖြစ်ကြောင်း၊ မြင်းမူမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှသိရှိရသည်။ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ကေသီခိုင် ဦးစီးသော ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ နောက်ဆုံးနှင့်ကျောင်းသား/သူတို့သည် စက်တင်ဘာလ (၂၅)ရက်နေ့မှစ၍ စစ်တမ်းများ စတင်ကောက်ယူခဲ့ကြရာ ယခုအခါ မြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ စစ်တမ်းကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ယင်းစစ်တမ်းကောက်ယူရေးအဖွဲ့တွင် ဆေးတက္ကသိုလ်ကျောင်းသား/သူ(၁၂)ဦးပါဝင်ပြီး မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သားဖွားဆရာမများ၊ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ သတ်မှတ်ထားသော ကျေးရွာများတွင် စက်တင်ဘာလ(၂၅)ရက်နေ့မှ အောက်တိုဘာလ(၈)ရက်နေ့ထိ (၁၄)ရက်ကြာ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)

