ရန်ကုန် ၂၄ မတ်
ရန်ကုန်မြို့ ကျွန်းတောလမ်းရှိ Junction Square Shopping Centre Level-1 တွင် JCGV Premium Cinema ရုပ်ရှင်ရုံအသစ်ကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။
ရုပ်ရှင်ရုံအသစ်ဖွင့်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က အမှာစကားပြောကြားပြီး ရုပ်ရှင်ရုံအသစ်အား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန ရန်ကုန်ရုံးခွဲ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်နှင့် JCGV Premium Cinema မှ တာဝန်ရှိသူများက Premium Cinema ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
MDN


