ရန်ကုန် ဖေဖော်ဝါရီ ၃

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာ‌ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်အတွင်း (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျင်းပရန်အတွက် ဌာနဆိုင်ရာ ပြခန်းများ၊ ဈေးဆိုင်ခန်းများ တည်ဆောက်နေမှု၊ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ မီးအလှဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ် ကန်တော်ကြီးသဘာဝ ဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကန်ရေပြင်ကြည်လင်သန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ဥယျာဉ်အတွင်းရှိ ပန်းမန်ပြခန်းနှင့် အရောင်းဆိုင်များတွင် ပန်းအလှပင်များရောင်းချနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်