နေပြည်တော် ၄ ဇန်နဝါရီ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄ ၂/၁ နှင့် ၁၄၂/၂ ကြား ကွန်ကရစ်လမ်းဘေး မြေသားလမ်းပေါ်တွင် ရပ်နားထားသော ယာဉ်မောင်း ပြည့်စုံအောင် မြို့သစ်မြို့ နေသူမောင်းနှင်သည့် 6K/----- Hijet ခဲရောင်ယာဉ်အား ယနေ့နံနက် ၅ နာရီက ယာဉ်မောင်း ကိုသန်းဝင်းဆွေ မောင်းနှင်လာသည့် 4N/------ Fuso (၆)ဘီး ယာဉ် မှ ဘရိတ် ပေါက်ပြီး ဝင်ရောက်တိုက်မိခဲ့သည် ။
ယာဉ်တိုက်မှုကြောင့် Hijet ယာဉ်ပေါ်ပါ (အမျိုးသား) ၆ ဦး အမျိုးသမီး ၂ ဦးအနက် မခင်မျိုးကြည် ၃၈ နှစ်မှာ ဆေးရုံ ပို့ဆောင်ရာတွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးပြီး မရတီဖူးပွင့် ၈ နှစ် (စိုးရိမ်ရ)၊ ကိုနိုင်လင်း ၃၁ နှစ် သာကေတ မြို့နေသူ(မစိုးရိမ်ရ) တို့မှာဒဏ်ရာရရှိသဖြင့် ဇီးပင်သာ အမြန်လမ်းရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုအဖွဲ့များမှ လူနာများအား ဆေးရုံသို့ ဆောင်ပေးကြသည်။
သန်းဦး(လေးမျက်နှာ)/ဓါတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့
