ရန်ကုန် ၇ ဩဂုတ်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၂၈/၆) နှင့် (၃၂၈/၇)ကြားတွင် ယနေ့နံနက် ၉ နာရီ ၁၄ မိနစ်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီ ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း (၃)ဦးအနက် ထိခိုက်ဒဏ်ရာ ရရှိသူ အမျိုးသမီး(၂)ဦး တံတားဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

#Myanmar Fire Service Department