နေပြည်တော် ၁၄ မတ်
ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်း မိုင်တိုင် ၁၉၄/၂ နှင့် ၃ အကြားတွင် မတ် ၁၃ ရက်နေ့ နံနက်ပိုင်းက ကုန်များ တင်ဆောင်ထားသည့် မစ်ဆူဘီရှီ ၆ ဘီး ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပလွေးအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အမြန်လမ်း မီးသတ်တပ်ဖွဲ့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-နေပြည်တော် အမြန်လမ်း အဆန်လမ်းအတိုင်း ချိုဦး ၄၄ နှစ်၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသည့် 6G/------မစ်ဆူဘီရှီ ကင်တာ ၆ ဘီးယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းအရှေ့ဘက်ဘေး မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်သွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)
ဓာတ်ပုံ - အမြန်လမ်းမကြီးရဲတပ်ဖွဲ့