မိတ္ထီလာ   ၁၄   မေ

 

မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မြာကျေးရွာအနီး ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ၂၀ ဘီးနောက်တွဲယာဉ်တစ်စီး မေ ၁၄ ရက်နေ့ နံနက် ၇ နာရီက အင်ဂျင်အပူလွန်ကဲရာမှ ဝါယာရိန်းလိုင်းများအား ကူးစက်ပြီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ  မိတ္ထီလာမြို့ မြာကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၃၀၃/၂ နှင့် ၃၀၃/၃ ကြား တပ်မတော်အမှတ်(၁)အကြီးစား ပစ္စည်းစက်ရုံရှေ့တွင် ကျောက်ဆည်မှ ရန်ကုန်သို့ ယာဉ်မောင်း ကိုသက်ဆွေ(၃၁)နှစ် မောင်းနှင်လာသော ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် (၂၀)ဘီးနောက်တွဲယာဉ်သည် အင်ဂျင်အပူလွန်ကဲရာမှ ဝါယာရိန်း လိုင်းများအား ကူးစက်ပြီးမီးလောင်မှုဖြစ်ပွားခဲ့သည်။

 

မီးလောင်ရာနေရာသို့ မိတ္ထီလာမြို့နယ်မှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ပျော်ဘွယ်မြို့နယ် ယင်းတော်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးတို့ဖြင့် သန္ဓေတပ်ဖွဲ့(၁၀)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးတို့မှ ဝိုင်းဝန်၍မီးငြှိမ်းသတ်ခဲ့ကြောင်း ယင်းမီးလောင်မှုကြောင့် ယာဉ်၏အင်ဂျင်ခေါင်းပိုင်းရှိ ဝါယာရိန်းလိုင်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း  ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းထံမှ သိရသည်။

 

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းကိုသက်ဆွေအား မိတ္ထီလာမြို့မရဲစခန်းမှ  အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)