မန္တလေး ၁၁ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် အင်ကြင်းကန်ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၃၀၃ အနီးတွင် အောက်တိုဘာ ၁၀ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က မော်တော်ယာဉ်တစ်စီး အရှိန်လွန်ပြီးတိမ်းမှောက်နေပြီး လူတစ်ဦး ယာဉ်ခေါင်းအတွင်း ညှပ်နေကြောင်း သိရသည်။
သတင်းအရ ရမည်သင်းခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊ ပျော်ဘွယ်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်(၆)ဦး၊ ဒေသအရန် မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့ ရောက်ရှိပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၁ ရက် နံနက် ၂ နာရီ ၁၀ မိနစ်တွင်ယာဉ် ခေါင်းအတွင်း ညှပ်နေသူအား အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။
မောင်ပြည်သူ(မန္တလေး)