ကျောက်တံခါး ၈ ဇွန်
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၃/၃ နှင့် ၄ အကြား၌ ယနေ့ မွန်းလွဲ ၂ နာရီက ၆ ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ရန်အောင်နိုင် (၃၃)နှစ် ဂနက်ကျေးရွာ၊ ကျောက်တံခါး မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 4K/----- NISSAN အမျိုးအစား ခြောက်ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ခြောက်ဘီးယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းတွင် ထိခိုက်ဒဏ်ရာမရရှိဘဲ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းအား တောကျွဲအင်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)