ကျောက်ဆည် ၂  မေ

 


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ပြည်ပန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းကွေ့တွင် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ယာဉ်မောင်း ဆန်းထိုက်အောင် မောင်းနှင်ပြီး ကုန်များတင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။

 

ိတန

 


အဆိုပါတွဲကားပေါ်တွင် ရန်ကုန်မြို့မှ၊ စက်ကြီးအင်ဂျင်ဝိုင်များနှင့် ဓာတ်သတ္ထုသန့်စင်ရာတွင် အသုံးပြုသည့် အက်စစ်ဟုယူဆရသော ပေပါများ တင်ဆောင်လာကာ ၎င်းကုန်ပစ္စည်းများကို ကောလင်းမြို့နယ်၊ ကျောက်ပထိုးရွာ “ထာဝရ” ရွှေသတ္ထု တူးဖော်ရေးကုမ္ပဏီမှ ပစ္စည်းများဖြစ်သည်ဟု ပစ္စည်းပို့မျှောစာအရ သိရှိရကြောင်း မြို့နယ်စခန်းတာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုအရ သိရှိရသည်။

 

တနတ

 


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဆန်းထိုက်အောင်တွင် လည်ပင်းနောက်ဘက်နှင့် ယာတံတောင်တို့တွင် ပေါက်ပြဲဒဏ်ရာများ၊ ယာဉ်နောက်လိုက် မျိုးမင်းသိန်း (ခ) ကိုပိုင်တွင် ခြေဖနောက်ပတ်လည် ပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့ပြီး ယာဉ်မောင်း ဆန်းထိုက်အောင်အား မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။ 

 


ကျောက်ဆည် (ပြန်/ဆက်)