လှည်းကူး ၁၂ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်းများကို ယမန်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက အချိန်မီကုသနိုင်ရေး၊ ရောဂါဆက်လက်ပြန့်ပွားမှု မရှိစေရေး တို့အတွက် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


