လှည်းကူး ၄ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ရန်ကုန် - နေပြည်တော် အမြန်လမ်းမကြီးတွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရန် ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်းများကို ဧပြီ (၃) ရက် နံနက်(၇)နာရီကစတင်ပြီး အရှိန်အဟုန်မြှင့် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ် - ၁၉ ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက အချိန်မီကုသနိုင်ရေး၊ ရောဂါဆက်လက်ပြန့်ပွားမှု မရှိစေရေးတို့အတွက် စက်ကိရိယာများဖြင့် အရှိန်အဟုန်မြှင့် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


