နေပြည်တော် ၁၃ ဧပြီ
ရန်ကုန်-နေပြည်တော် အမြန်လမ်းပိုင်း မိုင်တိုင် (၁၅၇/၅) (၁၅၇/၆) အကြားတွင် ယနေ့ နံနက် ၁၀ နာရီက ယာဉ်မောင်း ကိုဇော်လင်းအောင် (၄၃)နှစ် ဗိုလ်ချို (၂)ရပ်ကွက် ဗဟန်းနေသူမောင်းနှင်လာသည့် ယာဉ်အမှတ် 1K/9--- အဖြူရောင်ယာဉ်သည် လမ်းဖြတ်မှထွက်လာသော ဆိုင်ကယ်ကို ရှောင်တိမ်းရာမှ လမ်းဘေး guard rail တန်းတိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး သတင်းထုတ်ပြန်ချက်အရ သိရှိသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၃)ဦး၊ ကလေး (၂)ဦးမှာ ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဇီးပင်သာစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ နံနက် ၁၀ နာရီခွဲက ရန်ကုန်-နေပြည်တော်လမ်းပိုင်း မိုင်တိုင် (၇/၃) မိုင်တိုင်အနီးတွင် ယာဉ်မောင်း ဦးမျိုးမြင့်အောင် (၃၄)နှစ် အမှတ် (၁၄) အောင်ဆန်းလမ်း ရန်ကုန်မြို့နေသူ မောင်းနှင်ပြီး ၎င်း၏ဇနီး မနွယ်နီသွေးနှင့်အတူ (၅)နှစ်အရွယ်နှင့် (၂)နှစ်အရွယ် သားနှစ်ဦးလိုက်ပါလာသည့် ယာဉ်အမှတ် NPW 7L/8--- ခဲရောင်ယာဉ်သည် ယာဉ်မောင်းမှ ရေသန့်ဘူးလှမ်းယူစဉ် စီယာတိုင်မထိန်းနိုင်ဘဲ လမ်းညာဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ မနွယ်နီသွေး ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ အမှတ်(၃)စခန်းမှ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
MDN