ကျောက်ပန်းတောင်း  ၂၇   စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှဝန်ထမ်းများသည်၊ မြို့လယ်လမ်းမကြီး မီးအလင်းရောင်ဖြင့် လှပသာယာစေရန်နှင့် ညအချိန်ယာဉ်ထိခိုက်မှုမဖြစ်ပွားစေရန် အတွက်၊ လျှပ်စစ်ဓာတ်အားတိုင်များ မှ မီးလုံးအသစ်များလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းကို၊ စက်တင်ဘာ ၂၇ ရက်နေ့၊ နံနက် နာရီခွဲက မြို့လယ်လမ်းမကြီး ဖြစ်သော ရန်ကုန်-ပြည်-မန္တလေးလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ကျောက်ပန်းတောင်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးစိုးမြင့် ၏ဦးဆောင်မှုဖြင့် ဝန်ထမ်းများသည် ပြည်သူများလျှပ်စစ်ဓာတ် အားအပြည့်အဝရရှိစေရေးနှင့်လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးတို့အပြင် မြို့လှပသာယာရေး လုပ်ငန်းများကိုပါသက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ၊ယနေ့ဆောင်ရွက်မှုတွင် ရန်ကုန်-ပြည်-မန္တလေးလမ်း မြို့နယ်လျှပ်စစ်မန်နေဂျာရုံး ရှေ့မှ  ရေနံချောင်းလမ်းအထွက် မြို့နယ်ပြည်သူ့ဆေးရုံရှေ့အထိ လျှပ်စစ်ဓာတ်အားတိုင်များတွင် LED 65W မီးလုံး အသစ် များလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများကိုမွန်းတည့် ၁၂  နာရီအထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)