ရန်ကုန်-ပြည်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရ

နေပြည်တော် ဇွန် ၄

 

ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သပြေစမ်းရွာအနီး၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၀၀/၁ အနီးတွင် Hino. Profia အဖြူရောင် (၁၂)ဘီးယာဉ်မှ (၂၂)ဘီးယာဉ်အား ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်းလှမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၂၂ မိမိနစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်၊၊

 

mdn

 

အဆိုပါယာဉ်တိုက်မှုကြောင့် Hino. Profia အဖြူရောင် (၁၂)ဘီးယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) တို့အား မင်းလှမြို့နယ် လူမှုကူညီရေးအသင်းယာဉ်ဖြင့် သာယာဝတီပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊

 

MDN

Credit. MFSD