ပုသိမ်      ၁၁   အောက်တိုဘာ       


သီတင်းကျွတ်ကာလာ ရုံးပိတ်ရက်များတွင် ဒေသပြန် ခရီးသွားများ၊ငွေဆောင်ကမ်းခြေ၊ ချောင်းသာကမ်းခြေသို့ အပန်းဖြေရန်သွားရောက်သည့်ခရီးသွားများ များပြားမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-ပုသိမ် အဝေးပြေး လမ်းမကြီးတစ်လျှောက် ၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။

 

a

 

ရန်ကုန်မြို့ အထွက်မှ ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ် အတွင်းထိ ယာဉ်အစီးရေ ရာနှင့်ချီ ပိတ်မိနေပြီး လမ်းပြင်ဆင်မှုပြုလုပ်နေသဖြင့် လမ်းကြောကျဉ်းမြောင်းမှုကြောင့် ယာဉ်တစ်စီးနှင့်တစ်စီး စောင့်ဆိုင်းကာ မောင်းနှင်နေရကြောင်း သိရှိရသည်။


တိုးဝေဇင်(တိုင်းပြန်ဆက်)