နေပြည်တော် ၃ စက်တင်ဘာ 


မလွဲတောင်အပိုင်း ရေး - ထားဝယ် - မြိတ် လမ်း မိုင်တိုင်(၈၀/၂) တောင်ပြိုနေရာတွင် တပ်ဆင်ထားသော ယာယီ ဘေလီသံဘောင်တံတားတွင် သြဂုတ် ၁၇ ရက်မှစတင်ကာ အိမ်စီးကားများနှင့် ကုန်ကားများ (ယာဉ်+ကုန်=၂၄ တန်)အားဖြတ်သန်းခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။


ယခုအခါ အဆိုပါဘေလီတံတားကို Strengthening ပြုလုပ်ပြီးဖြစ်ပါ၍  Load Test ပြုလုပ်ပြီး  စက်တင်ဘာ ၇ ရက် (စနေနေ့) နံနက်ပိုင်းမှစ၍ (ယာဉ်+ကုန် = ၄၈ တန်) အထိ ကားကြီးများအား ဖြတ်သန်းခွင့်ပြုမည် ဖြစ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ 


MDN