ကျောက်တံတား ၂၈ ဇွန်

 

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် အမှတ်(၈)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက်အတွင်းရှိ ၃၉ လမ်းနှင့် လမ်း ၄၀ အောက်ဘလောက်များရှိ ရေမြောင်းများကို ချဲ့ထွင်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်ပြင် အများပြည်သူ သွားလာရေး အဆင်ပြေစေရန်အတွက် အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်ရှိ အနော်ရထာလမ်း (၃၈ လမ်း နှင့် ဆိပ်ကမ်းသာလမ်းထိပ်ကြား) ပလက်ဖောင်းများကို မသန်စွမ်းသူများ သွားလာရအဆင်ပြေစေမည့် ပလက်ဖောင်းပုံစံအသစ်ဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဇွန် ၂၆ ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိပြီး သြဂုတ် ၂၅ ရက်တွင် အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များမှ အပတ်စဉ် အနီးကပ်ကြီးကြပ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ရွှေနန်းမေ(ပြန်/ဆက်)

 

mdn