ရန်ကုန် ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြည်သူများ၊ စာအုပ်စာပေကောင်းများကို အလွယ်တကူဖတ်ရှု ခွင့်ရရှိစေရန်နှင့် စာအုပ်စာပေများကို ချစ်မြတ်နိုးသော စာဖတ်ပရိသတ်များ၊ စာပေနှင့်ထိစပ်နီးစပ်ကာ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိပြီး စာပေဗဟုသုတများစွာရရှိစေရန်ရည်ရွယ်၍ ဇွန်၂၉ရက် နံနက်က စာရေးဆရာမ ပေါက်ပေါက်(တင်ထက်ထက်ဇော်)က လူထုအခြေပြုဗဟိုဌာနသို့ စာအုပ်များလာရောက် လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် စာရေးသူကိုယ်တိုင် ရေးသားသည့် ကျန်းမာရေးဆိုင်ရာစာအုပ်များဖြစ်သော ၂၁ ရာစု ကမ္ဘာ့ကပ်ရောဂါ ဘုံရန်သူ ကိုဗစ်-၁၉ ရောဂါဆိုင်ရာစာအုပ်၊ အမေးရှိအဖြေညှိ၊ ကျန်းမာရေး အသိစာအုပ်၊ ဆီးချို၊သွေးတိုး၊ နှလုံးရောဂါများကြောင့် အသက်မဆုံးကြစေဖို့ စာအုပ်၊ ကင်ဆာဘေးဝေးကြပါစေ စာအုပ်များနှင့် လူမှုဘဝအတွေးအမြင် ဆောင်းပါးစာအုပ်ဖြစ်သော စာနာအလိုက်သိစွာ အတွေးအမြင် အနုပညာစာအုပ်များကို လှူဒါန်းရာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) ခရိုင်ဦးစီးအရာရှိ ဒေါ်လှလှဌေးက လက်ခံရယူခဲ့ပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အဆိုပါလှူဒါန်းခဲ့သော စာအုပ်များကို အများပြည်သူများ အလွယ်တကူလေ့လာဖတ်ရှုခွင့်ရရှိနိုင်ရန်အတွက် စာအုပ်စင်တွင်ထားရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အာကာစိုး


