ရန်ကုန် ဧပြီ ၃
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်တွင်း/ပြည်ပခရီးသွားများ လေဆိပ် အကြို/ အပို့ သွားလာရေးအဆင်ပြေချောမွေ့စေရန် Grab Airport Taxi ခရီးသွား ဝန်ဆောင်မှုအသစ်ကို ဧပြီ ၃ ရက်မှစ၍ ခရီးသွားတို့ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း Yangon Aerodrome Company Limited (YACL)မှ သိရသည်။
ခရီးသွားများအနေဖြင့် Grab App ကိုအသုံးပြု၍ဖြစ်စေ၊ Grab App မရှိသည့် ခရီးသွား များအနေဖြင့် လေဆိပ် အတွင်းရှိ Grab Taxi Service Counters တို့ရှိ Web-Booking Services မှတဆင့် Booking တင် ခြင်းဖြစ်စေ၊ မိမိတို့ စီးနင်းလိုက် ပါမည့် အငှားယာဉ်အား သတ်မှတ်ထားသော စောင့်ဆိုင်းဧရိယာအတွင်း၌ အသင့်စောင့်ဆိုင်းစီးနင်းနိုင်စေရန် ဝန်ဆောင်မှုပေးလျက်ရှိသည်။
နိုင်ငံတကာလေဆိပ်၏ အင်္ဂါရပ်နှင့်အညီ လေဆိပ်ခရီးသွားတို့၏ သယ်ယူပို့ဆောင် ရေးကဏ္ဍ လုံခြုံစိတ်ချ မြန်ဆန်မှုကို အထောက်အကူဖြစ်စေရန် Grab Airport Taxi ဖြင့်ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ၂၀၂၂-ခုနှစ်တွင် လေဆိပ်သို့ရောက်ရှိသော ဆိုက်ရောက်/ထွက်ခွာ ခရီးသည်ပေါင်း ၂၁၄၉၂၀၂ ဦးနှင့် လေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှု အကြိမ်ရေ ၃၃၇၅၀ ကြိမ်အထိ ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ကနူး(သတင်းစဉ်)