ရန်ကုန် ဇွန်  ၂၅

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် ယနေ့ နံနက်(၉)နာရီက ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနိုင်ကိုက ခရိုင်အတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဘေးမဖြစ်ပွားမီ ဘေးဖြစ်နေစဉ်၊ ဘေးဖြစ်ပွားပြီး၊ ဆောင်ရွက်ရမည့် လုပ်ငန်းများကို  အနီးကပ်ကြီးကြပ်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး သဘာဝဘေးဖြစ်ပေါ်လာပါက ရွှေ့ပြောင်းနေထိုင်ရန် နေရာများ စီစဉ်ထားရှိရန်၊ အရေးပေါ်ယာဉ်များ အသုံးပြုနိုင်ရေး အဆင်သင့်ပြင်ဆင်ထားရှိကြရန်၊  Volunteer များကို စည်းရုံးရှာဖွေရန်အတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသူများက မိမိတို့နှင့်သက်ဆိုင်သည်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

စန္ဒာမိုး(ပြန်/ဆက်)