သင်္ဃန်းကျွန်း မတ် ၁၆

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး Community Centre ခန်းမတွင် မတ် ၁၅ ရက်က (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဟောပြောပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် ပညာရေးမှူး ဦးသိန်းထွန်းက "တပ်မတော်နေ့ တို့မမေ့"ခေါင်းစဉ်ဖြင့် တပ်မတော်နေ့ ဖြစ်ပေါ်လာပုံအကြောင်းများ၊ တပ်မတော်နေ့အကြောင်း သိကောင်းစရာများ၊ အစဉ်အဆက် မြန်မာ့တပ်မတော်အကြောင်းများကို ပြည်သူများ သိရှိစေရန် ရည်ရွယ်၍ ကျယ်ကျယ်ပြန့်ပြန့် ဟောပြောခဲ့ကြောင်း သိရသည်။

 

ထိုဟောပြောပွဲသို့ စိတ်ဝင်စားသူ ပြည်သူများ တက်ရောက်ကြပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စန္ဒာမိုး