ရန်ကုန် ၄ သြဂုတ်
ရန်ကုန်အရှေ့ပိုင်းခရိုင် ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာ့ဗိမာန် စာကြည့်တိုက်တွင် ယနေ့နံနက် (၁၀)နာရီက စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနား၌ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် စုစုပေါင်းစာကြည့်တိုက် (၁၄)တိုက်အတွက် တန်ဖိုး(၂၅၀ဝ၀ဝ)ရှိ ခေတ်ပုံရိပ် ကဗျာ ဆောင်းပါး ပြဇာတ် ဝတ္တု စုစည်းမှု(ကလောင်စုံ) စာအုပ် (၁၀ဝ) အုပ်ကို စာရေးဆရာမကြီး ကြူကြူသင်းမှလှူဒါန်းခဲ့ရာ သင်္ဃကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါဝင်းမြိုင်မှ လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ကိုဘုန်း


