ရန်ကုန် ဖေဖော်ဝါရီ ၁၉
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တည်ထောင်ခြင်း (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက သန်လျင်မြို့ရှိ ယင်းတက္ကသိုလ် ခန်းမဆောင်၌ ကျင်းပသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချူပ် ဒေါက်တာနေဝင်းဦးနှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ မြန်မာနိုင်ငံ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူးချုပ် ဦးကျော်မိုးကြည်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကျောင်းသား ကျောင်းသူ ၁၀၀ တို့က စုပေါင်းသွေးလှူဒါန်းကြသည်။
သွေးလှူဒါန်းကြသော ကျောင်းသား ကျောင်းသူများအား အာဟာရအားဖြည့်အချိုရည်နှင့် အာဟာရပစ္စည်းများ၊ အမှတ်တရ လက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
သန်းဝင်း(သန်လျင်)