ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(သန်လျင်)၌ နည်းပြ/သရုပ်ပြ သစ်လွင်များ ကြိုဆိုပွဲအခမ်းအနားကျင်းပ

သန်လျင်      မေ       

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမ သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကို မေ ၆ ရက် နံနက်ပိုင်းက ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပရာ လူမှုရေးဝန်ကြီး ဦးအောင်၀င်းသိန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေ၀င်းဦးက ကျေးဇူးတင်စကားပြောကြားသည်။ ရန်ကုန်အရှေပိုင်း တက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ သစ်လွင် ဆရာ၊ဆရာမ ၂၈ ဦးကိုခန့်အပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)