ရန်ကုန် ၂၀ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ၊ အမှတ် ၉ ရပ်ကွက် ရန်ကုန်ဆေးရုံကြီးဝန်းအတွင်း ကင်ဆာဌာနရှိ ကွန်ပျူတာခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ထွက်ခွာငြိှမ်းသတ်ခဲ့ရာ ၁ နာရီ ၃၂ မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်၊၊
မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သွားရောက်ကြည့်ရှု ပြီး တာဝန်ရှိသူများအား လိုအပ်သည့်များ မှာကြားခဲ့ကြောင်း သိရသည်။
#Myanmar Fire Service Department
Photo - Phyo Min Thein facebook


