၂၅ ဒီဇင်ဘာ

ရန်ကုန်ဘူတာကြီး အဆောက်အဦပေါ်သို့ နံနက်ခင်းနေရောင်ခြည်မှာ ဖြာကျလျက်ရှိရာ ဘူတာကြီးအဆောက်အအုံသည် နေခြည်နုနုနှင့်ထိတွေ့မှုကြောင့် ရွှေရည်လောင်းထားသည့်ပမာ ဝင်းလက်တောက်လျက်ရှိသည်။ ကိုလိုနီဆော်လက်ရာ အဆောက်အအုံဖြစ်သောကြောင့် ရန်ကုန်မြို့ပြ၏ ခရီးသွားများ စည်ကားရာ ဘူတာရုံကြီးမှာ မြို့ပြအမွေအနှစ်တစ်ခုအဖြစ် တွေ့မြင်ရလျက်ရှိသည်။ နိုင်ငံခြားသားခရီးသွားများ မြန်မာပြည်အထက်ပိုင်းသို့ ရန်ကုန်ဘူတာကြီးမှ နေ့စဉ် သွားလာကြလျက်ရှိသည့်နည်းတူ မြို့တော်ရထားကို စီးနင်း၍ ရန်ကုန်မြို့ပြ၏ လူမှုဘဝ ပုံရိပ်တို့ကို လေ့လာကြလျက်ရှိသည်။ ရန်ကုန်မှ မန္တလေးသို့ ၁၅ နာရီ၊ ၁၆ နာရီကြာ အမြန်ရထားဖြင့် သွားလာလျက်ရှိပြီးမြို့ပတ်ရထားဖြင့် မြို့တစ်ပတ်လျှင် ၂ နာရီ မိနစ် ၅၀ ကြာ မောင်းနှင်လျက်ရှိသည်။

ဂျပန်နိုင်ငံမှ တင်ပို့

ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် ခရီးသွား ပို့ဆောင်ရေးကဏ္ဍသည် အရေးပါ သောကြောင့် မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းကို အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ ရန်ကုန်-တောင်ငူလမ်းပိုင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ ရန်ကုန်-ပဲခူးအပိုင်း (၁၀၁) အတွက် ရထား သံလမ်းသင်္ဘော ခြောက်စင်း၊ ပဲခူး ညောင်လေးပင်ပိုင်း (၁၀၂) အတွက် သင်္ဘော ခုနစ်စင်း၊ ညောင်လေးပင်-တောင်ငူ အပိုင်း (၁၀၃) အတွက် သင်္ဘောကိုးစင်းဖြင့် ရထားလမ်းတန်ချိန် ၆၆၀၀၀ ခန့်ကို အသုံးပြုသွား မည်ဖြစ်သည်။ ဂျပန်နိုင်ငံမှ တင်ပို့သော သင်္ဘောတစ်စင်း၌ ပါရှိသည့် ရထားလမ်း တန်ချိန် ၃၀၀ ခန့်ကို ရန်ကုန်ဆိပ်ကမ်းတွင် ရထားတွဲဆိုင်းများဖြင့် သုံးရက်အတွင်းသာ ကြီးသို့ ပို့ဆောင်ပြီး ရွာသာကြီးမှတစ်ဆင့် သက်ဆိုင်ရာ အခြေစိုက်စခန်းဖြစ်သော ( ထုံးကြီးလုပ်ငန်းခွင်သို့ ဆက်လက်ပို့ဆောင်ခြင်းဖြစ်သည်။ ထိုလမ်းပိုင်းတွင် အသုံးပြု ည့်ရထားသံလမ်းများအတွက် ဂျပန်နိုင်ငံမှ သင်္ဘော ၂၂ စင်း တင်ပို့ရမည်ဖြစ်သောကြောင့် ဒီဇင်ဘာ ၁၉ ရက်တွင် ၁၂ စင်းမြောက်အဖြစ် မြန်မာပြည်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ပို့ဆောင်ရေးကဏ္ဍပြောင်းလဲ

ရန်ကုန်မှ တောင်ငူလမ်းပိုင်းအဆင့်မြှင့် တင်ရာတွင် သံလမ်းတစ်ဖက်ကို ယာယီပိတ်၍ မူလရထားလမ်းဟောင်းများကို ပြန်လည်သိမ်းဆည်းခြင်း ကွန်ကရစ်ဇလီဖားတုံးများ ဖြုတ်သိမ်းခြင်း၊ သစ်ဆောက်မည့် တံတားတွက် မူလတံသံပေါင်များ သိမ်းဆည်း ခြင်းရထားသတ်မှတ်အမြန်နှုန်းဖြင့် ဖြတ်သန်းနိုင်ရန် မြေသားပြုပြင်ခြင်းနှင့် မြေသား စမ်းသပ်ခြင်းလုပ်ငန်းများကို ယခုအခါ ဂျပန်နည်းပညာဖြင့် လုပ်ဆောင်လျက်ရှိသည်။ ရန်ကုန် - မန္တလေးရထား လမ်းပိုင်းအဆင့် မြှင့်တင်မှုသည် မြန်မာ - ဂျပန်နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြလျက်ရှိပြီး ဂျပန်နိုင်ငံမှ နည်းပညာဖြင့် ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် ၂၀၂၃-ခုနှစ် ဖေဖော်ဝါရီလတွင် ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှု ပြီးစီးမည်ဖြစ်ရာ နှစ်နိုင်ငံအတွက် သမိုင်းမှတ်တိုင်များ ကျန်ရစ်မည်ဖြစ်သည်။ ရန်ကုန်( တောင်ငူလမ်းပိုင်း အဆင့်မြင့်တင်နေစဉ် အတွင်း မန္တလေး-တောင်ငူ လမ်းပိုင်းကိုလည်း ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဟန်ချက်ညီစွာ အဆင့်မြှင့်တင်သွားမည်ဖြစ်သောကြောင့် ၂၀၂၃ ခုနှစ်သည် မြန်မာ့မီရထား၏ ခရီးသွား ပို့ဆောင်ရေးကဏ္ဍပြောင်းလဲ တိုးတက်မှုမှတ်တိုင်တစ်ခုအဖြစ် ဂုဏ်ယူစွာ ကျန်ရစ်စေမည့်နှစ်လည်း ဖြစ်သည်။

အစားထိုးပြေးဆွဲမည်

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းသည် ၃၈၅ဒသမ ၅မိုင်ရှိပြီး အမြန်ရထားဖြစ်သော ၅ အဆန်၊ ၆ အစုန်ရထား မောင်းနှင်ချိန်မှာ ၁၅ နာရီကြာမြင့်၍ ကျန်သောရထားများမှာ ၁၆ နရီကျော် ခုတ်မောင်လျက်ရှိသည်။ ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများ ပြီးစီးသွားပါက ဂျပန်နိုင်ငံမှ ကီလိုမီတာ ၁၀၀ ဖြင့်ပြေးဆွဲသော DEMU စက်ခေါင်းပါ သောတွဲဆိုင်းများကို အစားထိုးပြေးဆွဲမည် ဖြစ်ရာ ၈ နာရီဖြင့် မန္တလေးမြို့သို့ ရောက်ရှိ မည်ဖြစ်သည်။ DEMU တွဲဆိုင်း တစ်ဆိုင်းလျှင် စက်ခေါင်ပါသော ရထားတွဲ ခြောက်တွဲ ပါရှိပြီး ရထားတွဲတိုင်းတွင် စက်ခေါင်းများပါ ရှိသည့်အပြင် အဲယားကွန်းပါရှိ၍ အထူးအမြန် ရထားအဖြစ် အသုံးပြုမည်ဖြစ်ကာ ရထားတွဲ တစ်တွဲလျှင်လည်း ခရီးသည် ၆၀ ကျော် စီးနင်းနိုင်မည်ဖြစ်သည်။ ယခုပြေးဆွဲနေသော ရထားစက်ခေါင်းတစ်လုံးဖြင့် တွဲဆိုင်းများကိုချိတ်ဆွဲသော လေအိတ်ရထားများကိုလည်း ရိုးရိုးရထားအဖြစ် ခရီးစဉ်လိုအပ်ချက်နှင့်အညီ ပြေးဆွဲသွားမည်ဖြစ်သည်။

ခရီးစဉ်တစ်ခုကို ဖော်ဆောင်

မြန်မာ့မီးရထား၊ အမှတ် (၇) တိုင်း၊ ရန်ကုန်မှ လက်ထောက် တိုင်းမန်နေဂျာ ဦးကျော်မျိုးလွင်က အဆင့်မြင့်ရထားပြေးဆွဲ မှုနှင့်စပ်လျဉ်း၍ “ကျွန်တော်တို့က ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းဆိုတော့ မြန်မာ့မီးရထား အစိုးရဌာနဖြစ်တဲ့အတွက် စီးပွားရေးတစ်ခုတည်း ဇောက်ချပြီးလုပ်လို့မရဘူး။ ခရီးသွားပြည်သူတွေ အဆင်ပြေချောမွေ့စွာနဲ့ လိုရာကို မြန်ဆန်စွာရောက်ရှိအောင် ဝန်ဆောင် မှုပေနေရတာပါ။ ဝန်ဆောင်မှုကောင်းကောင်း ပေးချင်တဲ့အတွက် ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်မှု လိုအပ်လာပါတယ်။ ရှိတဲ့ဘတ်ဂျက်နဲ့ ရထား ရထားလမ်းတွေ ပြုပြင်ထိန်းသိမ်းတဲ့အခါမှာ လိုအပ်ချက်တွေရှိလာတာကြောင့် ဝန်ဆောင်မှုအပိုင်းလည်း ကျဆင်းလာတယ်။ မှန်လုံအမြန်ယဉ်တွေလို ခရီးသွားဝန်ဆောင်မှုကို မပေးနိုင်ဘူးဖြစ်နေတယ်။ ခရီးသွား ကျဆင်းလာတယ်။

ဒါကြောင့် ဝန်ဆောင်မှုကောင်းမွန်ပြီး မြန်ဆန်ချောမွေ့တဲ့ ခရီးစဉ်တစ်ခုကို ဖော်ဆောင်ဖို့ စီမံကိန်း တစ်ခုဖြစ်လာတာပါ။ ဒါကြောင့် ဂျပန်နိုင်ငံ ဂျိုက်ကာနဲ့ ပူးပေါင်းပြီး ချေးငွေ့နဲ့ ရထား လမ်းပိုင်းအဆင့်မြှင့်တင်မှု စီမံကိန်းကိုစတင်ခဲ့တာပါ။ အချိန်တိုကာလအတွင်းမှာ သတ်မှတ် စံချိန်စံညွှန်းအတိုင်း လုပ်ဆောင်သွားနိုင်မယ်ဆိုရင် ခရီးသွားပြည်သူတွေကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်မှာပါ။ ပြီးတော့ ရှစ်နာရီနဲ့ မန္တလေးကို သွားနိုင်ပါပြီ ဟု ပြောကြားသည်။

စည်ကားသက်ဝင်လာမည်

လက်ရှိပြေးဆွဲနေသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းခရီးစဉ်တွင် အမြန်ရထား ပြေးဆွဲမှုကို ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိပြီး ရန်ကုန်-နေပြည်တော် ပြေးဆွဲနေသော ရထားများ၏ ခရီးစဉ်များကို လျှော့ချခဲ့၍ ဝန်ထမ်းများ ရန်ကုန်မြို့သို့ ရုံးပိတ်ရက်တွင် သွားလာနိုင်ရန် ခရီးစဉ်တစ်ခုကို ပြေးဆွဲ ပေးလျက်ရှိသည်။ ရန်ကုန်-မော်လမြိုင် ခရီးစဉ်တွင်လည်း ညပိုင်းပြေးဆွဲသောအမြန်ခရီးစဉ်ကို ယာယီရပ်နားထားပြီး နေ့ပိုင်းခရီးစဉ်ကို ပုံမှန်အတိုင်းပြေးဆွဲလျက်ရှိသည်။ မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေးလမ်းပိုင်းအဆင့် မြှင့်တင်မှုပြီးစီးပါက ၈ နာရီဖြင့် မန္တလေးသို့ ရောက်ရှိသောကြောင့် လုံခြုံ စိတ်ချသော ခရီးသွားဝန်ဆောင်မှုတစ်ခုအဖြစ် ခရီးသွားပြည်သူများအားထားရာ မြန်မာ့မီးရထား ခရီးသွားဝန်ဆောင်မှုကို တွေ့မြင်ရမည် ဖြစ်သည်။ ယခုရန်ကုန်မှ မွန်းလွဲ ၃ နာရီတွင် ထွက်သော အမြန်ရထားသည် မန္တလေးသို့ နံနက် ၇ နာရီတွင်ရောက်ရှိပြီး ရန်ကုန်မှ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ထွက်သော ရထားမှာ မန္တလေးသို့ နံနက် ၉ နာရီရောက်ရှိ၍ အချိန်ကြာမြင့်သော်လည်း ခရီးသည်စီးနင်းမှုမပြတ် ရှိနေခြင်းသည် ရထား၏ လုံခြုံစိတ်ချမှု အားသာချက်ကို နှစ်သက်သော ခရီးသွားပြည်သူများရှိသောကြောင့်ဖြစ်သည်။ အမြန်မီးရထားလမ်းပိုင်းကြီး အဆင့်မြှင့်တင်မှုပြီးစီးပါက ရန်ကုန်ဘူတာကြီးသည် ယခုထက်ပိုမို စည်ကားသက်ဝင်လာမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့နှင့် မြန်မာပြည်အလယ်ပိုင်းသို့ အချိန်တိုအတွင်း ခရီးသွားလာ နိုင်တော့မည်ဖြစ်ရာ ပြည်တွင်းခရီးသွားများသာမက နိုင်ငံခြားခရီးသွားများ အထူးနှစ်သက်သော ခရီးစဉ်တစ်ခုအဖြစ်တွေ့မြင် လာရလျက် မြန်မာ့မီးရထားအနေဖြင့် နိုင်ငံခြားဝင်ငွေကိုလည်း ယခုထက်ပိုမိုရရှိလာမည် ဖြစ်သည်။

ရထားတွဲဆိုင်းများ ရောက်ရှိမည်

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့်နည်းတူ ဘူတာပေါင်း ၃၈ ဘူတာရှိသော မြို့ပတ်ရထားလမ်းပိုင်းကိုလည်း အဆင့် မြှင့်တင်ဆောင်ရွက်၍ ရထားခုံးကျော်တံတား များကိုလည်း တည်ဆောက်လျက်ရှိသည်။ ရန်ကုန်မြို့အဝင် လမ်းပိုင်းများလည်း ကောင်းမွန်ရန် လိုအပ်သောကြောင့် မြို့ပတ် ရထားလမ်းပိုင်းနှင့် ဘူတာများကို အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်သည်။ ရထားလမ်းပိုင်းကို အဆင့်မြှင့်တင်ခြင်းသည် မူလသံလမ်းကူး ခုံးကျော်တံတားများနှင့် ရထားမလွတ်ကင်းသည့်အတွက် သံလမ်းကူးခုံးကျော် တံတားအသစ်များကို တည်ဆောက်ခြင်း ဖြစ်သည်။ ထိုခုံးကျော် တံတားများ တည်ဆောက်သော မြို့ပြအင်ဂျင်နီယာ လုပ်ငန်းများ ၂၀၂၀-ခုနှစ်တွင် ပြီးစီးချိန်တွင် အချက်ပြစနစ်အသစ် တပ်ဆင်သော လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ရာ ထိုလုပ်ငန်းမှာ ၂၀၂၀ ခုနှစ်တွင် ပြီးစီး ချိန်၌ ဂျပန်နိုင်ငံမှ DEMU ရထားတွဲဆိုင်းများ

ရောက်ရှိမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှု အလုံးစုံ ပြီးစီးသွားပြီဖြစ်၍ ရန်ကုန်မြို့အဝင်နှင့် မန္တလေးမြို့အဝင် လမ်းပိုင်းများ သန့်ရှင်းလှပစွာ အဆင့်မြှင့်တင်ထားမှုကြောင့် ထိုမြို့နှစ်မြို့၏ အလှမှာလည်း တင့်တယ် လှပနေမည်ကို တွေ့မြင်ရမည်ဖြစ်သည်။

မြန်မာ့မီးရထားအနေဖြင့် ပြည်သူ့အကျိုးပြု ခရီးသွားဝန်ဆောင်မှုတစ်ခုဖြစ်သော ရန်ကုန်- မန္တလေးရထားလမ်းပိုင်းခရီးစဉ်တွင် အချိန် ၁၅ နာရီကြာမြင့်ရာမှ ၈ နာရီဖြင့် အချိန်တိုအတွင်း သွားလာနိုင်မည့် ရထားလမ်းပိုင်းကြီးပြီးစီးပါက အများပြည်သူ စိတ်အေးချမ်းသာစွာဖြင့် လိုရာခရီးကို မြန်ဆန်စွာရောက်ရှိနိုင်မည်ဖြစ်သောကြောင့် မြန်မာ့မီးရထားမှတ်တမ်းတွင် သမိုင်း မှတ်တိုင်တစ်ခုအဖြစ် တင်ကျန်ရစ်မည်မှာ အမှန်ပင်ဖြစ်သည်။ ။

မြန်မာ့အလင်း