ရန်ကုန် သြဂုတ် ၂၅

 

ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ကျော်အထိ ထူးကဲဒီရေတက်ဖွယ် ရှိကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က သတိပေးချက် ထုတ်ပြန်ထားသည်။

 

 

ထူးကဲဒီရေတက်ဖွယ်ရှိမည့်ကာလမှာ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၅ ရက်အတွင်းဖြစ်ကြောင်း၊ ရန်ကုန်မြစ် မြစ်ကမ်းနားအနီး နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ သတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

 ‌

ဒလမြို့နယ်မှ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ အထွေထွေလုပ်သားများနှင့် ပြည်သူများသည် ကူးတို့သမ္ဗန် ဆိပ်ကမ်းများဖြစ်သည့် သမ္မတကမ်းခြေ၊ ဈေးဆိပ်၊ ကမာအောင်၊ တံလျှပ်၊ ကမာကသွယ်၊ စက်မြေ၊ ကမာကဆစ်၊ မှော်စက်၊ ဆာပါချောင်၊ ကျောင်းစုနှင့် ကျောင်းစု(ခွဲ)(လက်ခပ်မှ စက်တပ်) ကူးတို့ဆိပ်တို့မှ စက်တပ်သမ္ဗန်များဖြင့် ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်ဘက်ခြမ်းရှိ ဗိုလ်တထောင်၊ ပန်းဆိုးတန်း၊ စဉ့်အိုးတန်း၊ မော်တင်လမ်းသစ်၊ မော်တင်(ကိုင်းတန်းအမှတ်-၂)၊ ဆိပ်ကြီးခနောင်တို ကူးတို့ဆိပ်တို့သို့ နေ့စဉ်ပုံမှန် သွားလာလျက်ရှိကြသည်။

 

အောင်မြင့်(ပြန်/ဆက်)