ရန်ကုန် ၂၈ မေ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တ ပိတ်ထားခဲ့ပြီး ယခုအခါ ပြည်သူများ စာပေလေ့လာ ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်း ခရိုင် (အင်းစိန်) ပြည်သူ့စာကြည့်တိုက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

 

ဖွင့်လှစ်ရာတွင် စာကြည့်တိုက်သို့ ပြည်သူများ စာပေလာရောက် ဖတ်ရှုရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပေးလျက်ရှိပြီး ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်) ပြည်သူ့စာကြည့်တိုက်အား နေ့စဉ် နံနက် နာရီခွဲမှ ညနေ နာရီခွဲအထိ အစိုးရ ရုံးပိတ်ရက်များမှအပ နေ့စဉ်ဖွင့်လှစ်ပေးလျက်ရှိရာ နေ့စဉ်ထုတ် သတင်းစာများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များ၊ ရုပ်ပြစာအုပ်များ၊ အပျော်ဖတ် ဝတ္ထုများ၊ သုတ/ရသစာအုပ်များ စုစုပေါင်း သောင်းကျော်ဖြင့် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

 

ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ စာအုပ်များ ငှားရမ်း ဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေးခြင်းအပြင် ကလေးများအတွက် ပုံပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ခေါက်ခြင်းနှင့် စာအုပ်မိတ်ဆက်ခြင်း စသည့် အစီအစဉ်များကိုလည်း Online မှတစ်ဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)