ရန်ကုန် မတ် ၅

 

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူ ဘုန်းတော်ကြီးများအဖွဲ့ချုပ်(ဗဟို)တို့ ပူးပေါင်းကျင်းပသည့် ဟိန္ဒူ ပူဂျာရီများ အထူးသင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာ (အောက်လမ်း)ရှိ အိန္ဒိယစင်တာ၌ ကျင်းပသည်။

 

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr.Abhay Thakur၊ အိန္ဒိယနိုင်ငံမှ ဆရာတော် Dr. P.H.D စန်မူဂွန်စီ ဝါချာရီယာနှင့် တာဝန်ရှိသူများက မင်္ဂလာ ဆီမီးတိုင် ထွန်းညှိပေးကြသည်။

 

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘုန်းတော်ကြီးများအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ ဦးမောင်မြင့်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် ဆရာတော် Dr. P.H.D စန်မူဂွန်စီဝါချာရီယာ တို့က သြဝါဒစကားပြောကြားကာ ဟိန္ဒူဘာသာရေး(ဗဟို)အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်းအသင်း အထွေထွေအတွင်းရေးမှူး ဦးချစ်ဝင်း၊ သနန္တန ဒမ္မပါလ(ဟိန္ဒူ) အဖွဲ့ချုပ်ဥက္ကဋ္ဌ သီရိပျံချီ ဦမောင် မောင်တို့က အမှာစကားပြောကြား ကြသည်။

 

ယင်းနောက် အိန္ဒိယနိုင်ငံ သံအမတ်ကြီး၊ ဆရာတော် Dr. P.H.D စန်မူဂွန်စီဝါချာရီယာနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူ ဘုန်းတော်ကြီးများအဖွဲ့ချုပ်(ဗဟို) အတွင်းရေးမှူးက ကျေးဇူးတင် စကားပြောကြားသည်။

 

အဆိုပါ သင်တန်းကို ဖေဖော်ဝါရီ ၅ ရက်မှ မတ် ၅ ရက် အထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်