ရန်ကုန် ၈ ဇန်နဝါရီ

ရန်ကုန်မြို့ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် စာရိတ္တထူးချွန်ဆု ဂုဏ်ပြုပွဲတွင် မေ့ကျန်ပစ္စည်းများကို  ရိုးသားစွာ ပြန်လည်အပ်နှံသော  လက်ထောက်စာကြည့်တိုက်မှူး ဒေါ်စန္ဒာလှိုင်(စာကြည့်တိုက်ဌာန) အား ကျောင်းအုပ်ကြီး ဒေါက်တာ တင်တင်ထွေးက  ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(မြန်မာ့အလင်း)