ရန်ကုန်     ဧပြီ     ၁၅

ရန်ကုန်တိုင်းဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြည်အ​ရှေ့ရပ်ကွက် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌ ၁၃၈၄ ခုနှစ်  မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ရေကစားကြသူများ၊ ရေပတ်ခံထွက်ကြသူများဖြင့် အေးချမ်း​ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိရာ မဏ္ဍပ်များတွင်လည်း ယိမ်းအက အလှများဖြင့် ကပြ​ဖျော်​ဖြေခြင်း၊ ရေကစားကြခြင်းဖြင့် မဟာသင်္ကြန်ပွဲ​တော်ကို ယ​နေ့ သင်္ကြန်အကြတ်​နေ့တွင်လည်း အေးချမ်း​ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိ​ကြသည်။

ဒဂုံမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ၁၆ ရက် သင်္ကြန် အတက်နေ့အထိ ပြည်သူ့ရင်ပြင်ရှိရေကစားမဏ္ဍပ်၌ ယိမ်းအကအလှများ၊ ခေတ်ပေါ်တေးဂီတ သီဆို ဖျော်ဖြေမှုများဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ပြီး လမ်း​လျှောက်သင်္ကြန်နှင့် စတုဒိသာ​ကျွေး​မွေး ခြင်းများကိုလည်း ​နေ့စဉ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ကြည်​ဇေ​သော်