မလှိုင် ၁၄ စက်တင်ဘာ
ရန်ကုန်မြို့ မေတ္တာနန္ဒ ဖောင်ဒေးရှင်းမှ ကျောင်းသား/ကျောင်းသူများ အသုံးပြုနိုင်ရန်အတွက် မလှိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ SAMSUNG အမျိုးအစား ကွန်ပျူတာ ငါးလုံးပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း ဧရာဝတီခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် လက်ထောက် မြို့နယ်ပညာရေးမှူး ဦးမျိုးသန့်က အမှာစကား ပြောကြားပြီး အလှူရှင် မေတ္တာနန္ဒ ဖောင်ဒေးရှင်းဉက္ကဌ ဦးဉာဏ်ဝင်း က အသိပညာပြန့်ပွားရေးအတွက် ကွန်ပျူတာများ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။ယင်းနောက် မေတ္တာနန္ဒ ဖောင်ဒေးရှင်း ဉက္ကဌ ဦးဉာဏ်ဝင်း ကကွန်ပြူတာများကိုပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးစောဝင်းက လက်ခံရယူပြီး ဂုဏ်ပြုလွှာ နှင့် အလှူငွေများကို ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန် လည် ပြောကြားကာ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါ မေတ္တာနန္ဒ ဖောင်ဒေးရှင်းသည် ဒိန်းမတ်နိုင်ငံ Working School ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ ဒိန်းမတ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် စာသင်ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအသုံးပြုနိုင်ရန် ကွန်ပျူတာ များ လှူဒါန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)


