ရန်ကုန် သြဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်၌ ၂၀၂၃ ခုနှစ် မိုးရာသီ စျေးရောင်းပွဲတော်၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား(EV)ပြပွဲ ဖွင့်ပွဲကို ဩဂုတ် ၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီစျေးရောင်းပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ဖွင့်ပွဲအပြီးတွင် ဆိုင်ခန်းများ၊ ပြခန်းများ၊ စက်မှုထုတ်ကုန်ပြပွဲနှင့် လျှပ်စစ်ကား (EV)ပြပွဲ တို့ကို လှည့်လည်ကြည့်ရှုကြသည်။
မိုးရာသီစျေးရောင်းပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အသင်းအဖွဲ့များက သန့်ရှင်းလတ်ဆတ်၍ ဈေးနှုန်းချိုသာသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဆီနှင့် ဆန်တို့ကို ရောင်းချပေးလျက်ရှိပြီး စျေးရောင်းပွဲတော်အား သြဂုတ် ၆ ရက်အထိ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ကြည်ဇေသော်