ရန်ကုန်၊ ၂၅ ဒီဇင်ဘာ

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သုံးလကြာပိတ်ထားရသည့် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ယုဇနပလာဇာကို ဇန်နဝါရီ ရက်တွင် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ် မည်ဖြစ်ပြီး မင်္ဂလာဈေးကို ဆက်လက်ဖွင့်လှစ်သွားနိုင်ရန် စစ်ဆေးပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

ယုဇနပလာဇာကတော့ လာမယ့် ဇန်နဝါရီ ရက်မှာ ဖွင့်မှာပါ။ မင်္ဂလာဈေးကတော့ မဖွင့်သေးဘူး။ ယုဇနပလာဇာက အခြေအနေကို စောင့်ကြည့်လို့ ကောင်းတယ်၊ ဆက်ပြီးတော့ ထိန်းနိုင်တယ်ဆိုရင် မင်္ဂလာဈေးကို ဆက်ဖွင့်မယ်။ လောလောဆယ် ကာလမှာကတော့ မင်္ဂလာဈေးလက်က ဆိုင်ခန်းတွေ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကာအကွယ်တွေ အဆင်သင့်ဖြစ်ဖို့ ဒီရက်ပိုင်းမှာ ညှိနှိုင်းပြီးတော့ ပြင်ဆင် ဆောင်ရွက်မယ်၊ အဆင်သင့်လုပ်ထားတယ်။ ယုဇနပလာဇာဘက်က အဆင်ပြေတာနဲ့ မင်္ဂလာဈေး ဘက်က ဆိုင်ခန်းတွေကို ဆက်ဖွင့်သွားမယ်ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်()မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက  ပြောသည်။

ဆိုင်ခန်းခများကို ဖြေလျှော့ပေးနိုင်ရန်မှာ မင်္ဂလာဈေးမှဆိုင်ခန်းများအနေဖြင့် တစ်ဆင့်ငှားရမ်းသည့် ဆိုင်ရှင်များက လည်းကောင်း၊ ယုဇနပလာဇာမှ ဆိုင်ခန်းများအနေဖြင့် ယုဇနကုမ္ပဏီနှင့် ဆိုင်ငှားရမ်း သူများအချင်းချင်း သက်ဆိုင်ကြောင်း၊ မကြာသေးမီက (Yuzana Plaza Private Market) ယုဇနပလာဇာရှိ ဆိုင်ခန်းများကို အဆင့်သင့်ဖြစ်စေရန် ကြည့်ရှုစစ်ဆေးထားကြောင်း သိရသည်။

ယုဇနပလာဇာဈေးကြီး အုပ်ချုပ်မှုတာဝန်ခံ ဦးမင်းမင်းစိုးက ဒီဇင်ဘာ ၂၃ ရက်တွင် ယုဇနပလာဇာရှိ ဆိုင်ခန်းများ ဈေးရောင်း၊ ဈေးဝယ်ယူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းနှင့်အညီ ပြန်လည်ဖွင်လှစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန်ထံသို့ တင်ပြထားပြီး ဇန်နဝါရီ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

သန့်ဇင်ဝင်း