ရန်ကုန်မြို့၌ အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ကျင်းပမည်

ရန်ကုန် ၁၀  မေ


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မေ ၁၆ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲကျင်းပနိုင်ရန် စာနယ်ဇင်းရှင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက  ရန်ကုန်မြို့ မရမ်ကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံဟိုတယ် ရန်ကုန်၌ကျင်းပခဲ့သည်။ 


“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတာပါ။ အရှေ့တောင်အာရှ၊ အာရှ၊ ကမ္ဘာ့အဖွဲ့ချုပ် နိုင်ငံတွေကို အလှည့်ကျ သတ်မှတ်ပေးထားတာ ရှိပါတယ်။ (၁၆)ကြိမ်မြောက် ကာယဗလနှင့် ကာယ ကြံ့ခိုင်မှုပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ကျင်းပပေးဖို့ တောင်းဆိုလာတာဖြစ်ပါတယ်။ ယခင်က နိုင်ငံတကာ သွားပြိုင်ရင် အတန်းပြည့်  မပြိုင်နိုင်ပါဘူး။ အိမ်ရှင်မှာ မျိုးဆက်သစ် ကစားသမားများတယ် အတန်းပြည့် ယှဉ်ပြိုင်သွားမယ်။ ဆုတံဆိပ်များ မျှော်မှန်းထားပါတယ်။ ဒီပြိုင်ပွဲမှာ မေ ၁၆ ရက်မှာ ကစားသမားများ ရောက်မယ်။ ၁၇ ရက်မှာဝိတ်တန်းချိန်မယ်။ ၁၈ ရက် ၁၉ ရက်မှာ ပြိုင်ပွဲကျင်းပမယ်။ ၂၀ ရက် ၂၁ ရက်မှာ ရန်ကုန်မြို့ကို လေ့လာမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီကပြောသည်။ 

 

1


အဆိုပါပြိုင်ပွဲ၌ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ပြိုင်ပွဲများတွင် အမျိုးသားပြိုင်ပွဲများမှာ အသက်၂၁နှစ်အောက် ကာယဗလမောင် ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀ ကီလိုတန်း၊ ၈၀ ကီလိုတန်းနှင့်အထက် အသက် ၄၅ နှင့်အထက် သက်ကြီးတန်းပြိုင်ပွဲများ Athletic Physique up to 160cm-12kg 167cm+4kg  Over 167cm +8kg  Sports Physique  up 170cm-102=Body Weight  Sports  Physique up 170cm-100  Fitness  Physique ပြိုင်ပွဲများ အမျိုးသမီးပြိုင်ပွဲများတွင် Athletic  Physique  up  to 160cm  165cm  Over 165cm Fitness Physique  အမျိုးသား အမျိုးသမီး Mixed Pairs  ပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ရွှေ၊ ငွေ၊ ကြေး ၂၂ ခုစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 


ယင်းပြိုင်ပွဲသို့ အရှေ့တောင်အာရှ ကိုးနိုင်ငံမှ အားကစားသမား ၆၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားသမား ၄၆ ဦးပါဝင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာအားကစားများသည်ပြိုင်ပွဲတွင်ထိုင်း ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့မှ အားကစားသမားများကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ 


အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲကို ရန်ကုန်မြို့ မရမ်းကုန်မြို့နယ် မင်းဓမ္မလမ်း မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး စကိုင်းနက် ရုပ်သံလှိုင်းမှ တိုက်ရိုက်ထုတ်လွင့်မည်ဖြစ်ကာ မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


သတင်း - တင်စိုးလင်း 
ဓာတ်ပုံ - အာကာစိုး 

 

1