ရန်ကုန်   ၂၃    ဇန်နဝါရီ

 

စတုတ္ထအကြိမ်မြောက် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့ လသာမြို့နယ် တရုတ်တန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

"တရုတ်နှစ်သစ်ကူးပွဲတော်ကို  ရန်ကုန်မြို့မှာ ကျင်းပလာတာ စတုတ္ထအကြိမ်ရှိပါပြီ။ မြန်မာပြည်မှာရှိတဲ့ တရုတ် မျိုးနွယ်အားလုံးကို ကိုယ်စားပြုပြီး ဟူးကျန့် တရုတ်အမျိုးသားလူငယ်အသင်းက ဦးဆောင်ကျင်းပတာပါ။ တစ်နှစ်ကို လူမျိုးတစ်စုနဲ့ ကျင်းပတာဖြစ်ပါတယ်။ ပြည်သူတွေ လာရောက်အပန်းဖြေ ပျော်ရွှင်စရာ နေရာအဖြစ် ဖန်တီးထားတာပါ" ဟု မြန်မာနိုင်ငံ တရုတ်လူငယ်စီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ကိုနေလင်းမောင်က ပြောသည်။

 

အဆိုပါ ပွဲတော်တွင် တရုတ်မီးပုံး အလုံး ၃၀၀၀ ကျော်ကို မဟာဗန္ဒုလလမ်း၊ လမ်းမတော်၊ ဘုရားလမ်း၊ ကမ်းနားလမ်းကြား လှပဝေဆာစွာ ဖေဖော်ဝါရိ ၂၀ ရက်အထိ ချိတ်ဆွဲထားမည်ဖြစ်ပြီး စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ ေရာင်းဆိုင်များ၊ အမှတ်တရ ဓာတ်ပုံရိုက် ကူးခြင်းေနရာနှင့် ညပိုင်းတွင်‌ဖျော်ဖြေမှုအစီအစဉ်များ ပါ၀င်မည်ဖြစ်ကြောင်း သိရသည်။

 

အလားတူ မြန်မာနိုင်ငံခြေင်္သ့၊ နဂါးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် (၁၅)ကြိမ်မြောက် စဉ့်အိုးတန်း လမ်း(အထက်) တရုတ် ရိုးရာခြေင်္သ့စွမ်းရည်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖေဖော်ဝါရီ ၂၆ ရက်တွင် ဟူးကျန့် တရုတ်အမျိုးသားလူငယ်အသင်းက ဦးဆောင်ပြီး ညနေပိုင်းတွင် သံဃာတော် အပါး ၁၀၀၀ နှင့်သီလရှင်အပါး ၅၀၀ ကို ဆွမ်းဆန်စိမ်း လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-အာကာစိုး၊

ဓာတ်ပုံ-တင်စိုး(မြန်မာ့အလင်း