ရန်ကုန်  အောက်တိုဘာ  ၁၁

 

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် နှင့် Rotho ကုမ္ပဏီတို့ ပူးပေါင်းကျင်းပမည့် ရိုတိုတိုက်ကွမ်ဒို ဖိတ်ခေါ်ဖလား(Rotho Taek-wondo Championship 2022) ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက် မှ ၂၃ ရက်အထိ ရန်ကုန်မြို့၊ သု၀ဏ္ဏ (ဘူရောင်း)တိုက်ကွမ်ဒို လေ့ကျင့်ရေးစင်တာတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။       

 

အဆိုပါပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာ ခါးစည်းအနက် (Kukki-won) ဒန် အဆင့်ရရှိထားသူများနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ ခါးစည်းအစိမ်းမှ အနီ (၁) ဒီဂရီအထိ ရရှိထားသူများ၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်တွင် မှတ်ပုံတင်သွင်း အသိအမှတ်ပြုထားသော အသင်းအဖွဲ့ဝင်များ နှင့် အပြည်ပြည်ဆိုင်ရာ ခါးစည်းအနက် ဖြေဆိုထားသူများလည်း ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းပြိုင်ပွဲ၌ အမျိုးသား၊ အမျိုးသမီးအတိုက် (Kyorugi) နှင့် ကကွက် (Poomsae) ပြိုင်ပွဲများတွင် သက်ငယ်တန်း (Cadet) အဆင့်၊ ဂျူနီယာတန်း (Junior) အဆင့် ကီလိုတန်းအလိုက် ပြိုင်ပွဲများ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲ နှင့်ပတ်သက်၍ သိရှိလိုပါက နည်းစနစ်ကော်မတီ၊ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် ၀၉- ၇၈၅၀၇၀၀၃၉ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

 

အာကာစိုး